အမျိုးသမီး နှင့် မီးယပ်သားဖွားခြင်းဆိုင်ရာ

                    အရှေ့တောင်အာရှနိုင်ငံရှိ အမျိုးသမီးလူထုသည် မတူညီသော လူမှုအခွင့်အရေးများကိုနေရာအများစုတွင်ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်ပါသည်။ ထိုကဲ့သို့ကြုံတွေ့ရသောကြောင့် အမျိုးသမီးတို့သည် အလုပ်ခွင်တွင်းသာမက အိမ်ထောင့်တာဝန်များကိုပိုမိုရုန်းကန်လှုပ်ရှားလျက်ရှိပါသည်။ ဤအကျိုး အဆက်များသည် အမျိုးသမီးများ၏ စိတ်နှင့်လူ၏ ကျန်းမာရေးကို အတိုင်းအတာတစ်ခုအထိ ထိခိုက်စေနိုင်ပါသည်။ ထို့အပြင် အမျိုးသမီးများ၏ သဘာဝကိုယ်ခန္ဓာဖွဲ့စည်းမှုကြောင့် အချို့သောရောဂါများ သည် အမျိုးသမီးများတွင်သာဖြစ်ပေါ်စေခြင်း(သို့) ဖြစ်ပွားနှုန်း ပိုမိုများပြားခြင်းကို ကြုံတွေ့နိုင်ပါသည်။
                       အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်သားဖွားခြင်းနှင့် ပတ်သက်သော ရောဂါဝေဒနာများကို ခံစားကြုံတွေ့နိုင်ပါသည်။ ကိုယ်ဝန်ဆောင်မီးဖွားခြင်းနှင့်ပတ်သက်သော ရောဂါများသည် မိခင်နှင့်ကလေး၏ အသက်အန္တရယ်ပေးနိုင်ပြီး မိသားစုအတွက်ကြီးမားသော စိုရိမ်းကြောင့်ကြမှုကို ဖြစ်စေနိုင်ပါသည်။ ထိုကိုယ်ဝန်ဆောင်သားဖွားခြင်းမှ မိခင်နှင့်ကလေး ဆုံးရှုံးမှုနှုန်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပိုမို၍ မြင့်မာလျက်ရှိပါသည်။ ထိုကြောင့် ရောဂါဖြစ်ပွားမှုကို ကာကွယ်ကုသလျော့ချနိုင်ရန် ကိုယ်ဝန်ဆောင်မိခင်များသည် ကျန်းမာရေး စစ်ဆေးကုသမှုများကို တာဝန်ယူ ဆောင် ရွက်ရန် အလွန်ပင်အရေးကြီးပါသည်။
                         ထိုမျှမကမီးယပ်ရောဂါများဖြစ်သောသားအိမ်ကင်ဆာ၊သားအိမ်ခေါင်းကင်ဆာ၊ရင်သားကင်ဆာများသည် အဖြစ်များသောအမျိုးသမီးရောဂါများဖြစ်ပြီး ပုံမှန်စစ်ဆေး ကုသမှုရယူရန် အလွန်ပင်အရေးကြီးပါသည်။
ထိုကဲ့သို့သော် အမျိုးသမီးနှင့်ပတ်သက်သည့် ရောဂါများကို စည်းစနစ်ကျစွာ ကာကွယ်ကုသမှုများရရှိရန်အတွက် အရွယ်ရောက်သော အမျိုးသမီးမှစ၍ ကိုယ်ဝန်ဆောင်အရွယ်နှင့် သွေးဆုံးပြီးအရွယ်အထိ လိုအပ်သော ကျန်းမားရေးဝန်ဆောင်မှုများကို ကျွမ်းကျင်သောအထူးကုဆရာဝန်ကြီးများ နှင့်ပူးပေါင်း၍ တာဝန်ယူဆောင်ရွက်ပေးနေပါသည်။

ရရှိနိုင်သော ဝန်ဆောင်မှုများ
  • ကိုယ်ဝန်ဆောင် ကျန်းမာရေးအပ်နှံမှု (Antenatal Care)
  • ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် ကျန်းမာရေး အထောက်အကူပြုသင်တန်းများ
  • မီးဖွားခြင်း (Normal Spontaneous Delivery)
  • သားသမီးမထွန်းနိုင်ခြင်းနှင့် မျိုးပွားမှုစနစ် အထောက်အကူပြုနည်းပညာ
  • မိခင်နှင့်ကလေးဌာန
  • မီးကင်းထွက် မိခင်များ ကြည့်ရှုကုသခြင်း
  • မီးယပ်ဆိုင်ရာရောဂါအမျိုးမျိုး ခွဲစိတ်ကုသခြင်း
  • မီးယပ်ရောဂါ ကင်ဆာကုသခြင်း
  • သားအိမ်မှ မှန်ပြောင်းဖြင့်ကြည့်ရှု ခွဲစိတ်ကုသခြင်း
  • ရင်သားနှင့်ပတ်သက်သော စစ်ဆေးကုသမှုနှင့် ရင်သားကင်ဆာ ခွဲစိတ်ကုသမှုပေးခြင်း
  • ဗိုက်ကိုဖောက်ပြီး မှန်ပြောင်းထည့်၍ ခွဲစိတ်ခြင်း
  • တင်ပါးဆုံရိုး အတွင်းကြွက်သာ ပြန်လည်တည်ဆောက်ခြင်း
  • ကလေးမီးဖွားပြီးနောက် စောင့်ရှောက်မှု
  • စိတ်ဖိစီးမှုကြောင့် ဆီးဝမ်းမထိန်းနိုင်ခြင်း
  • ဆီးမထိန်းနိုင်သည့်ရောဂါ ကို ခွဲစိတ်ကုသခြင်း(TASS)
  • ဆီးအိမ်အတွင်း ဖိအားပြောင်းလဲမှုကို တိုင်းတာခြင်း
  • ဆီးနှင့်ပတ်သက်သော မီးယပ်ရောဂါပညာ
မီးဖွားခြင်းအစီအစဉ်
  • ရိုးရိုးမွေးအစီအစဉ် ရွှေ
  • ရိုးရိုးမွေးအစီအစဉ် ပလက်တီနမ်
  • ဗိုက်ခွဲမွေးအစီအစဉ် ရွှေ
  • ဗိုက်ခွဲမွေးအစီအစဉ်
  • ရိုးရိုးမွေးခြင်းအတွက် အထူးရေချိုးကန် မီးဖွားခန်းများ

Web
Analytics