About Ramkhamhaeng Hospital

Ramkhamheaengဆေးရုံကြီးအကြောင်း

Ramkhamheaengဆေးရုံကြီးသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်တည်ရှိပြီးကျန်းမာရေးဝန်ဆောင်မှုများကို ၁၉၈၈ ခုနှစ်မှ စတင်၍ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။Ramkhamheaengဆေးရုံကြီးသည် နိုင်ငံတကာအဆင့်မှီ ကျန်းမာရေး ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်ခဲ့သောကြောင့် အမေရိကန်နိုင်ငံJCI အဖွဲ့အစည်းကြီးမှ အသိအမှတ်ပြုခြင်းကို ခံခဲ့ရပါသည်။

ဤဆေးရုံကြီးသည် တိုင်းအဆင့်မှီ ဆေးရုံကြီးဖြစ်ပြီး ပြင်ပလူနာ တစ်နေ့လျှင် ၂၀ဝ၀ကျော်ကို ကုသပေးနေလျက်ရှိပြီး အတွင်းလူနာခန်း ၄၈၅ ကုတင်ဆန့်သော ဆေးရုံအဆောက် အအုံကြီး ၃ ခုကို ဧက ၂၀ ခန့် ကျယ်ဝန်းသောနေရာတွင် တည်ဆောက်ထားရှိပြီး ကျန်းမာရေး ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိ ပါသည်။
ဆေးရုံကြီး၏ နိုင်ငံတကာ အဆင့်မှီကောင်းမွန်သောကျန်းမာရေးဝန်ဆောင်မှုများကို သင့်တော်သောဈေးနှုန်းဖြင့် ပေးစွမ်းနိုင်သောကြောင့် ထိုင်းနိုင်ငံသားများအပြင် အခြားနိုင်ငံအသီးသီးမှလည်း ကျန်းမာရေးကုသမှုမျုားကို စိတ်ချယုံကြည်စွာ လာရောက်ကုသလျက်ရှိပါသည်။

Ramkhamheaengဆေးရုံကြီးကို ရွေးချယ်သင့်သော အကြောင်းရင်းများ

  • နိုင်ငံတကာအဆင့်အတန်းမှီ JCI အသိအမှတ်ပြုဆေးရုံကြီး
  • ၂၅ နှစ်တာကြာမျှသော ကျန်းမာရေးဝန်ဆောင်မှု အတွေ့အကြုံ
  • အရည်အသွေးပြည့်မှီသော ဆရာဝန်ကြီးများနှင့် သူနာပြုများမှ စိတ်ရှည်စွာ ကျန်းမာရေးဝန်ဆောင်မှုပေးစွမ်းနိုင်ခြင်း s
  • ခေတ်မှီသော ကျန်းမာရေးကုသမှုနှင့် စက်ကိရိယာများ နောက်ဆုံးပေါ် ဆေးပညာ ကိရိယာများအသုံးပြုဆောင်ရွက်ပေးနိုင်ခြင်း
  • လူနာဆောင် ၃ ဆောင်ရှိပြီး ပြင်ပလူနာပေါင်း ၂၀ဝ၀ ကျော်နှင့် အတွင်းလူနာ ၄၅၀ကုတင်ကို နေ့စဉ်ကြည့်ရှုစောင့်ရှောက်ပေးနိုင်ခြင်း
  • အချက်အချာကျသောနေရာတွင် တည်ရှိပြီး Suvarnabhumi လေဆိပ်နှင့် မိနစ် ၂၀ ခန့်သာကွာဝေးခြင်း

Web
Analytics