About Phyathai 3 Hospital

Phyathai 3 ဆေးရုံကြီးအကြောင်း

ပြည်သူလူထုများအတွက် ပိုမိုကောင်းမွန်သော ကျန်းမာရေး ဝန်ဆောင်မှုပေးနိုင်ရန် အလိုငှာ Phyathai 3 ဆေးရုံကြီးကို ၁၉၆၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ Phyathai 3 ဆေးရုံကြီးသည် ဘန်ကောက်မြို့တွင် တည်ရှိပြီး ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနမှ ၁၉၉၇ ခုနှစ်တွင် အသိအမှတ်ပြုခြင်းကိုခံထားရသော ဆေးရုံကြီးဖြစ်ပါသည်။ Phyathai 3 ဆေးရုံကြီးသည်အတွင်း လူနာပေါင်း ၅၀ဝခန့်ကို လက်ခံပေးနိုင်ပြီး ပြင်ပလူနာပေါင်း တစ်နေ့လျှင် ၂၀ဝ၀ကျော်ကို ကျန်းမာရေးဝန်ဆောင်မှုများ ပေးနေလျက်ရှိပါသည်။
Phyathai 3 ဆေးရုံကြီးသည်တိုင်းအဆင့်မှီဆေးရုံကြီးဖြစ်ပြီး ကျွမ်းကျင်တတ်မြောက်စည်းစနစ်ကျသော အထူးကုဆရာဝန်ကြီးများနှင့်တကွ နောက်ဆုံးပေါ်ဆေးပညာကိရိယာများဖြင့် ကုသပေးနေသော ဆေးရုံကြီးတစ်ခုဖြစ်ပါသည်။ ဆေးရုံကြီးရှိ အမျိုးမျိုးသော အထူးကုဆရာဝန်ကြီးများမှ တာဝန်ယူ၍ လူနာများကို တစ်နေရာထဲတွင် ရောဂါများပျောက်ကင်းစေရန် ကျန်းမာရေးဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပါသည်။
ထို့အပြင် နိုင်ငံတကာမှလာရောက်သော လူနာများအား လိုအပ်ချက်များဖြည့်စွမ်းပေးနိုင်ရန်အတွက် International Service Centre မှလည်း တာဝန်ယူဆောင်ရွက်ပေးနေပါသည်။ လူနာများအတွက် အစစအရာရာ ချောမွေ့ပြီး ဆက်ဆံရေးအဆင်ပြေရန် ရည်မှန်းရ်ျ ကျွမ်းကျင်တက်မြောက်သော ဘာသာပြန် ဝန်ထမ်းများကို ဆေးရုံအတွင်းတွင် ပံ့ပိုးပေးနေလျက်ရှိပါသည်။

Phyathai 3 ဆေးရုံကြီးကို ရွေးချယ်သင့်သည့်အကြောင်းရင်းများ

  • နွေးထွေးပျုငှာသော ပတ်ဝန်းကျင်
  • နှစ်ပေါင်း၂၀ကျော်ရှိသော ကျန်းမာရေးဝန်ဆောင်မှုအတွေ့အကြုံများ
  • အရေအသွေးပြည့်မှီသော ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ
  • ပြီးပြည့်စုံသော ကျန်းမာရေးဝန်ဆောင်မှုနှင့်နောက်ဆုံးပေါ်စက်ကရိယာ များပံပိုးနိုင်ခြင်း
  • အတွင်းလူနာ ၅၀ဝကျော် လက်ခံနိုင်ခြင်း
  • နေ့စဉ် ပြင်ပလူနာ ၂၀ဝ၀ကျော် ဝန်ဆောင်မှုပေးနိုင်ခြင်း
  • ဆေးရုံဝန်ထမ်းများ၏ မိသားစုနှင့်မခြား နွေးထွေးပျုငှာ ဆက်ဆံခြင်း

Web
Analytics