About Samitivej Hospital

Samitivej ဆေးရုံကြီးအကြောင်း

Samitivej ဆေးရုံကြီးသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်တည်ရှိပြီး အမေရိကန်နိုင်ငံအသိအမှတ်ပြု JCI အဆင့်အတန်းမှီ ကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ်နေသောဆုတံဆိပ်ပေါင်းများစွာ ဆွတ်ခူးထားသည့် ဆေးရုံကြီးဖြစ်ပါသည်။ ၁၉၇၉ တွင် စတင်တည်ထောင်ခဲ့ပြီး လူနာများအပေါ်ကောင်းမွန်စွာစောင့်ရှောက်မှုနှင့် ဝန်ဆောင်မှုများစွာ ပေးအပ်နိုင်ခြင်းကြောင့်ဆေးရုံအခွဲပေါင်း(၅)ခုကို ထိုင်းနိုင်ငံအတွင်းတွင် တည်ထောင်နိုင်ခဲ့ပြီး လူနာများ၏ အားကိုးအလေးထားရသော ဆေးရုံကြီးတစ်ခုအနေဖြင့် ရပ်တည်နေနိုင်လျက်ရှိပါသည်။
Samitivej ဆေးရုံကြီးသည် United Nation Children’s Fund (UNICEF) ESifh World Health Organization(WHO) တို့မှအသိအမှတ်ပြုထားသော ဆေးရုံကြီးတစ်ခုလည်းဖြစ်ပါသည်။
၁၉၉၉ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ ပထမဆုံး မိခင်နှင့်ကလေးအတွက် ကောင်းမွန်သောဆေးရုံ အဖြစ် ဆုရရှိခဲ့သည်။ ၂၀ဝ၄ ခုနှစ်တွင်လည်း ဝန်ကြီးချုပ်ပေးအပ်သော အကောင်းဆုံးကျန်းမာရေးဝန်ဆောင်မှုဆုကို ရရှိခဲ့ပါသည်။ Samitivej ဆေးရုံကြီး၏ ဦးတည်ချက်မှာ လာရောက်ကုသကြသော လူကြီးမင်းများအတွက် အမြင့်မားဆုံးသော ကျန်းမာရေးဝန်ဆောင်မှုအဆင့်အတန်းတစ်ခုကို ပေးအပ်နိုင်ဖို့ပင်ဖြစ်သည်။

ဆေးရုံကြီးမှ နောက်ဆုံပေါ်နည်းပညာများ၊ ဆေးကိရိယာများဖြင့် လူနာများကို အကောင်းဆုံးသော ရောဂါရှာဖွေကုသမှုများကို ဆောင်ရွက် ပေးနေလျက်ရှိပါသည်။ ဆေးရုံကြီး၏ နိုင်ငံတကာဆက်ဆံရေးဌာနမှလည်း နိုင်ငံတကာမှ လူနာများနှင့် စုံစမ်းမေးမြန်းသူများအား ၂၄နာရီပတ်လုံး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနေပါသည်။Visa သက်တမ်းတိုးခြင်းနှင့် အခြားသက်ဆိုင်ရာ လုပ်ငန်းများကိုလည်း ဆေးရုံကြီး၏ လူဝင်မှုကြီးကြပ်ရေးဌာနမှ ကူညီဆောင်ရွက်ပေးနေပါသည်။ ထို့ကြောင့် ကူ Samitivej ဆေးရုံကြီးသည် အရှေ့တောင်အာရှ၏ Medical Tourism ကိုဦးဆောင်နေသော ဆေးရုံကြီးတစ်ခုအဖြစ် ရပ်တည်နေနိုင်ခဲ့ပါသည်။

Samitivej ဆေးရုံကြီးကို ရွေးချယ်သင့်သောအကြောင်းရင်းများ

  • ထိုင်းနိုင်ငံတွင်သာမက အရှေ့တော်အာရှ၏ ကျန်းမာရေးနယ်ပယ်တွင် ဦးဆောင်နေသော ဆေးရုံတစ်ရုံဖြစ်ခြင်း၊
  • နိုင်ငံတကာမှ အသိအမှတ်ပြုဆုတံဆိပ်ပေါင်းများစွာ ပိုင်ဆိုင်ထားသောဆေးရုံကြီးဖြစ်ခြင်း၊
  • ခုတင် ၂၇၅ ခုတင်ဆံ ဆေးရုံဖြစ်ပြီး အထူးကုဆရာဝန်ကြီးများ ၄၀ဝကျော်ဖြင့် လည်ပတ်နေသော ဆေးရုံဖြစ်ခြင်း၊
  • နိုင်ငံတကာစံနှုန်းမှီ ကျန်းမာရေးစောင့်ရှောက်မှုများပေးစွမ်းနိုင်သော ဆေးရုံဖြစ်ခြင်း၊
  • လူနာများအတွက် အသင့်တော်ဆုံးသော ကျန်းမာရေးဝန်ဆောငါမှုများ ပေးစွမ်းနိုင်သောဆေးရုံဖြစ်ခြင်း၊
  • နောက်ဆုံးပေါ် ဆေးပညာဆေးကိရိယာများဖြင့် ကုသပေးနိုင်သော ဆေးရုံဖြစ်ခြင်း၊
  • နွေးထွေးပျူငှာသော ဆေးရုံဝန်ထမ်းများ ရှိခြင်း၊
  • လူနာများအသိအမှတ်ပြု ကျွမ်းကျင်တတ်မြောက်သော သမားတော်များနှင့်သူနာပြုများမှ နွေးထွေးပျူငှာသော ဝန်ဆောင်မှုပေးခြင်း၊
  • ရုံးချိန်အတွင်း ဘာသာပြန်များကို အခမဲ့ဝန်ဆောင်မှုများပေးခြင်း၊
  • ဘန်ကောက်မြို့၏ အချက်အချာကျသောနေရာတွင်တည်ရှိခြင်း၊

Web
Analytics