အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ

                          ကျွန်ုပ်တို့၏ပတ်ဝန်းကျင်တွင် အစာအိမ်အူလမ်းကြောင်းရောဂါလက္ခဏာများကို မကြာမကြာ ကြုံတွေ့နေရလျက်ရှိပါသည်။ အစာအိမ်နှင့် အူလမ်းကြောင်းသည် ခန္ဓာကိုယ်တွင်ရှိသော အရေးကြီးသည့် အစိတ်းအပိုင်းများစွာဖြင့် (အစာအိမ်၊အူသိမ်၊အူမကြီး၊ အသည်း၊ ပန်ကရိယ စသည့်) ဖွဲ့ထားသောကြောင့် အစိတ်အပိုင်းတစ်ခုစီပုံမှန် ဖြစ်ပါသည်။
                           ဤသို့ပုံမှန်လည်ပတ်နိုင်မှသာလျှင် လိုအပ်သောတာဝန်များဖြစ်သော အစာချေဖျက်ခြင်း၊ လိုအပ်သော အာဟာရများကို ပြန်လည်စုဆောင်းပေးခြင်း၊မလိုအပ်သောအညစ်အကြေများကို စွန့်ပစ်ပေးခြင်း၊ ဤလုပ်ဆောင်မှုများဖြစ်ပေါ်ရန် ဟော်မုန်းများကို အသည်း၊သည်းခြေနှင့် ပန်ကရိယမှ ထုတ်ပေးခြင်း အစရှိသောတာဝန်များကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
ထိုကြောင့် ရောဂါလက္ခဏာ ခံစားနေရသည်ဖြစ်စေ၊ မိသားစုအတွင်း အစာအိမ်အူလမ်း ကြောင်းရောဂါ ရှိခဲ့သူဖြစ်စေ အချိန်မှီ အထူးကုဆရာဝန်များနှင့် တွေ့ဆုံစစ်ဆေးကုသမှုရယူ၍ ရောဂါ အခြေအနေ ပိုမိုမဆိုးသွားစေရန် လုပ်ဆောင်ခြင်းသည် အလွန်ပင်အရေးကြီးပါသည်။

ထို့အပြင် အသည်းနှင့်ပတ်သက်သည် ရောဂါများဖြစ်သော အသည်းရောင်အသားဝါရောဂါ၊ အရက်ကြောင့်ဖြစ်သော အသည်းယောင်ရောဂါ၊ အသည်းခြောက်ခြင်း၊ အသည်းအဆီဖုံးခြင်း အစရှိသည့် ရောဂါများသည် အရှေ့တောင်အာရှနိုင်ငံများတွင် အဖြစ်များပြီး နာတာရှည်ကုသမှုနှင့် အသက်ဆုံးရှုံးမှုများစွာကို ကြုံတွေ့နေရလျက်ရှိပါသည်။
ထို့သို့အသည်းနှင့် ပတ်သက်သောရောဂါများ၊ အခြားအစာအိမ်အူလမ်းကြောင်းရောဂါများကို ကာကွယ်မှုများ၊ အချိန်မှီစစ်ဆေးကုသ၊ ခွဲစိတ်မှုများ ရရှိရန်အတွက် နောက်ဆုံးပေါ် ဆေးပညာစမ်းသက်ချက်များနှင့် ဆေးနည်းပညာများကို နှစ်ပေါင်းများစွာ လေ့ကျင့်ထားသော အထူးကုဆရာဝန်ကြီးများနှင့် ပူးပေါင်း၍ ထိုင်းနိုင်ငံရှိတိုင်းအဆင့်မှီ ဆေးရုံးကြီး(၃)ခုတွင် လိုအပ်သောဝန်ဆောင်မှုများကို စီ စဉ်ဆောင်ရွက်ပေးနေလျက်ရှိပါသည်။

ဆေးပညာဆိုင်ရာရောဂါရှာဖွေခြင်းများ

Blood Test (သွေးစစ်ခြင်း)
ဥပမာ Complete Blood Count (သွေးဆဲလ်ပမာဏ စစ်ဆေးခြင်း)
Serum Glucose (သွေးတွင်းသကြားဓာတ်ပမာဏ စစ်ဆေးခြင်း)
Lipid Profile (သွေးတွင်းအဆီပမာဏ စစ်ဆေးခြင်း)
Liver Function Test (အသည်းလုပ်ငန်းစစ်ဆေးခြင်း)

Stool Test (၀မ်းစစ်ခြင်း)
ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်နှင့် ကပ်ပါးပိုးများ ရှာဖွေစစ်ဆေးခြင်း၊

Abdomen Ultrasound (၀မ်းဗိုက် အာတရာဆောင်းစစ်ဆေးခြင်း)
ကိုယ်တွင်းအင်္ဂါများ၏ အရွယ်အစား၊ ဖွဲ့စည်းပုံနှင့် ရောဂါအခြေအနေများကို ရှာဖွေစစ်ဆေးခြင်း

GI Endonscopy (အစာအိမ် မှန်ပြောင်းကြည့်ခြင်း)
အစာအိမ်နှင့်အူသိမ်အပေါ်ပိုင်းရှိ ရောဂါများကို သိရှိရန်မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးခြင်း

Colonescopy (အူမကြီးမှန်ပြောင်းကြည့်ခြင်း)
အူမကြီးအတွင်း ရောဂါများကို ရှိ/မရှိ သိရှိရန် မှန်ပြောင်းဖြင့် စစ်ဆေးကြည့်ရှုခြင်း

CT ကွန်ပျူတာဓာတ်မှန်
ဤစနစ်သည် X-ray ရောင်ခြည်ကို အသုံးပြုကာ သင့်ခန္ဓာကိုယ်အတွင်းမှ အင်္ဂါများကို ပိုမိုပြတ် သားစွာ ကြည့်ရှုစစ်ဆေးခြင်း

 
ရောဂါရှာဖွေခြင်းနှင့် ကုသမှုဝန်ဆောင်မှုများ
  • အစာအိမ် အနာပေါက်ခြင်း
  • အူရောင်ဝမ်းပျက်ရောဂါ
  • အစာအိမ်နှင့် အူလမ်းကြောင်း သွေးစိမ့်ခြင်း
  • အစာအိမ်မှ အစာနှင့်အက်စစ်ဓာတ်လျှံတက်သည့်ရောဂါ (GERD)
  • အစာအိမ်ရောဂါ(သို့) အူသိမ်ဦးအနာ (Gastric or duodenal ulcers)
  • နာတာရှည် အူသိမ်ရောင်ရမ်းသည့်ရောဂါ (ဥပမာ နာတာရှည်အူရောင်ရောဂါ(Crohn's Dsease)
  • နာတာရှည်အူမကြီးရောင်ရောဂါ(Ulcerative Colitis)
  • ပြင်းထန်နှင့် ရေရှည် ၀မ်းသွားခြင်း(သို့) ၀မ်းချုပ်ခြင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း အပေါ်ပိုင်း (သို့) အောက်ပိုင်း သွေးယိုခြင်း
  • ဒူလာလိပ်ခေါင်းရောဂါ (Hemorrhoids) နှင့် စအိုနှင့် အူမကြီးရောဂါများ(anorectal disorders)
  • အူတုန့်ပြန်မှုလွန်ကဲသောရောဂါ (IBS) နှင့် ထင်ရှားပြီး ရောဂါရှာမရသော နာတာရှည်ဗိုက်နာ ရောဂါ(FAPS) တို့ကဲသို့ အစာအိမ်နှင့် အူလမ်းကြောင်းလုပ်ဆောင်ချက်ဆိုင်ရာရောဂါများ
  • အစာအိမ်နှင့် အူလမ်းကြောင်း လှုပ်ရှားမှုမမှန်ခြင်း (Motility disorders) ဥပမာ-အစာပြွန်ကြွက် သားမူမမှန်၍ အစာမျိုရခက်ခဲသည့် ရောဂါ(Achalasia)
  • အစာအိမ်၊ အူမကြီး၊ အူသိမ်၊ အစာရေမျိုပြွန်၊ ပန်ကရိယနှင့် သည်းခြေအိတ် ကင်ဆာပုံစံအမျိုး မျိုး
  • သည်းရောင်အသားဝါ (Hepatitis) အေ၊ ဘီ၊ စီ
  • နာတာရှည်(သို့)သည်းခြေရည်စီးဆင်းမှု ယို့ယွင်းသည့်ရောဂါများ (Cholestatic disease)
  • မျိုးရိုးလိုက်သော အသည်းရောဂါ
  • အသည်းခြောက်ရောဂါ
  • အသည်းအတွင်းပိုးဝင်ခြင်း (အသည်းပြည်တည်နာများ စသည်)
  • ပင်မနှင့် ပင်မ မဟုတ်သော အသည်းကင်ဆာ (Primary and Non-primary Liver Cancer)
ရရှိနိုင်သော ဝန်ဆောင်မှုများ
  • အစာအိမ်နှင့် အူလမ်းကြောင်း အလုံးအကျိတ်များအတွက် မှန်ပြောင်းဖြင့်ကြည့်ခြင်း၊ မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်း
  • ERCP မှန်ပြောင်းဖြင့် သည်းခြေနှင့် ပန်ကရိယ ဓာတ်မှန်ရိုက်ခြင်း၊ ကျောက်ထုတ်ခြင်း
  • TAE အစာအိမ်နှင့် အူလမ်းကြောင်း သွေးထွက်ခြင်းများကို Gel စေ့လေးများဖြင့် ပိတ်စေခြင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း wireless ကြိုးမဲ့ capsule မှန်ပြောင်းဖြင့် ကြည့်ခြင်း
  • အသည်း အသားစယူခြင်း
  • အသည်းကင်ဆာ အကျိတ်ထဲသို့ ဆေးတိုက်ရိုက်ထိုးသွင်းခြင်း
  • TOCEအသည်းသွေးလွှတ်ကြောမှတစ်ဆင့်ကင်ဆာဆေးများကိုအကျိတ်အတွင်း ထိုးထည့် ခြင်း

Web
Analytics