ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ

              လူတို့၏ဦးနှောက်သည် အလွန်တရာ သိမ်မွေ့နက်နဲ့သော ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ ဦးနှောက်သည် ၁၀မှ ၁၂ဘီလီယံအထိအရေအတွက်ရှိသော ဦးနှောက်ဆဲလ်များဖြင့်ဖွဲ့စည်းထားပြီး အံ့သြစရာကောင်းလောက်အောင်ရှုပ်ထွေးနက်နဲ့သော ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါသည်။ ထိုများပြားလှသောဆဲလ်များသည် ကျွန်ုပ်တို့ ခန္ဓာကိုယ်ထဲရှိ အလွန်ပင်အရေးကြီးသောလုပ်ဆောင်မှုများကို ထိန်းချုပ်ပေးနိုင်ရန်အတွက် လျှပ်စစ်စွမ်းအား(သို့) ဓာတုဇီဝနည်းလမ်းများ(သို့) ဓာတုဗေဒသဘောတရားအရ ချိတ်ဆက်ထားပါသည်။
ဦးနှောက်ကို အဓိကအားဖြင့် အစိတ်အပိုင်း(၃)ခု ခွဲခြားထားပါသည်။

  • Brain stem (ဦးနှောက် အညှာ)သည် ခန္ဓာကိုယ်အခြေခံလုပ်ငန်းဆောင်တာများများကို လုပ်ဆောင်ပေးပါသည်။ဥပမာ- နှလုံးခုန်နှုန်းကို ထိန်းညှိပေးခြင်းဖြစ်ပါသည်။
  • The Cerebellum (ဦးနှောက်အပေါ်ခြမ်း)၏ အဓိကတာဝန်များမှာ ခန္ဓာကိုယ်ဟန်ချက်ထိန်းပေးခြင်းနှင့် ကြွက်သားများ အစီအစဉ်ကျလှုပ်ရှားခြင်းဖြစ်ပါသည်။
  • Cerebrum (ဦးနှောက်အောက်ခြမ်း)၄င်းကို ဘယ်ညာ နှစ်ခြမ်းခွဲထားပြီး ပိုမိုအရေးကြီးသော လုပ်ဆောင်မှုများဖြစ်သော တွေးတော စဉ်စားချင့်ချိန်ခြင်းနှင့် ခံစားမှုတို့ကို ထိန်းချုပ်ပေးထားခြင်းဖြစ်ပါသည်။


              ထိုကဲ့သို့ ရှပ်ထွေးနက်နဲသော တာဝန်ကို လုပ်ဆောင်ပေးနေရသောကြောင့် ဦးနှောက်နှင့်ပတ်သက်သော ရောဂါဝေဒနာဖြစ်ပေါ်လာလျှင် အထူးဂရုစိုက်၍ လျင်မြန်စွာရောဂါရှာဖွေကုသရန် အတွက် နောက်ဆုံးပေါ် စက်ပစ္စည်း၊ ဆေးဝါးများကို အဆင့်သင့်ရရှိရန် လိုအပ်ပါသည်။
ထိုသို့လိုအပ်သော ဆေးကုသမှုများကို စည်းစနစ်ကျမှန်ကန်သော ကျန်းမာရေးဝန်ဆောင်မှုများပေးရန်အတွက်ဦးနှောက်နှင့် အာရုံကြော အထူးကုဆရာဝန်ကြီးများနှင့် တိုင်းအဆင့်မှီဆေးရုံး ကြီး(၃)ခုပူးပေါင်း၍ တာဝန်ယူဆောင်ရွက်ပေးနေပါသည်။

ဆေးပညာဆိုင်ရာ ရောဂါရှာဖွေခြင်းများ

Blood Test (သွေးစစ်ပေးခြင်း)

    ဥပမာ-

  • Complete Blood Cound (သွေးဆဲလ်ပမာဏစစ်ဆေးခြင်း)
  • Lipid Profile (သွေးတွင်းအဆီပမာဏ)
  • Liver function Test (အသည်းလုပ်ငန်းစစ်ဆေးခြင်း)
  • Tumour Markers (အကျိတ်ရှိကြောင်း ညွှန်ပြသော သွေးတွင်းသဘာဝ ပစ္စည်းတစ်ခုဖြစ်ပါသည်။

Electroencephalography (E.E.G) : ကျွန်ုပ်တို့၏ ဦးရေပြားတွင် တွယ်ကပ်နေသော သေးငယ်ပြီးပါး လွှာသော သတ္တုပြားလေးများကို အသုံးပြု၍ ဦးနှောက်တွင်းရှိ လျှပ်စီကြောင်းပုံစံလှုပ်ရှားမှုများကို ထောက်လှမ်းနိုင်သော စစ်ဆေးချက်တစ်ခုဖြစ်ပါသည်။
(E.E.G) ရလဒ်များမှာ ဦးနှောက်မူမမှန် ဖြစ်ခြင်းများကို ရှာဖွေ ဖော်ထုတ်ပြီး ကာကွယ်ကုသရာတွင် အသုံးပြုခြင်းဖြစ်ပါသည်။ အိပ်စက်တဲ့ပုံစံဖြင့်စစ်ဆေးခြင်း၊ ဦးနှောက်လှိုင်း၊ သွေးထဲတွင်ရှိသော အောက်စီဂျင် ပမာဏ၊ နှလုံးခုန်နှုန်း၊ အသက်ရူနှုန်းအစရှိသည် အပြင်စမ်းသက်နေချိန်တွင် ခြေ ထောက်နှင့် မျက်လုံးရဲ့ လှုပ်ရှားပုံတွေကိုလည်း မှတ်တမ်းတင်ပေးသော စမ်းသက်ချက်တစ်ခုဖြစ်ပါ သည်။ဤစနစ်သည် အိပ်ချိန်မမှန်ပဲ ကမောက်ကမ ဖြစ်သောရောဂါ ကိုကုသသောနေရာမှာ အသုံးပြု ခြင်း ဖြစ်ပါသည်။
CT scan ( Computed Tomography ) : ခန္ဓာကိုယ်၏အစိတ်အပိုင်းနှင့် ခန္ဓာကိုယ် အတွင်း အဂါင်္များ ၏ ပုံများကို အသေးစိတ်ရရှိရန်အတွက် X-ray ကို အသုံးပြု၍ဓာတ်ပုံရယူသော ဆေးစစ်ချက်တစ်မျိုး ဖြစ်ပါသည်။ ဦးနှောက်ကို CT scan ရိုက်ခြင်းမှာ ဦးခေါင်းထိခိုက် ဒဏ်ရာများ၊ ဦးနှောက်အကျိတ်များ နှင့် တခြားသော ဦးခေါင်းနှင့် ဆိုင်သော ရောဂါများ၏ အသေးစိတ်အချက်အလက်များကို ဖော်ပြပေး နိုင်ပါသည်။
CT Angiogram (သွေးကြောပေါ် ကွန်ပျူတာဓာတ်မှန်)
ထိုဓာတ်မှန် နည်းပညာမှာ ခန္ဓာကိုယ် အစိတ်အပိုင်းများ ဖြစ်သော နှလုံး၊ ဦးနှောက်၊ အဆုတ်၊ ကျောက်ကပ်နှင့်ခန္ဓာကိုယ်တစ်ခုလုံးအတွက် သွေးကြောမျှင်များသွေးပို့ဆောင်ခြင်းကို ကြည့်ရှုရန် ရောဂါရှာဖွေခြင်းဖြစ်ပါသည်။
Neck Ultrasonography
လည်ပင်းရှိသွေးကြောမကြီးများ၏ အခြေအနေကို Ultrasound ဖြင့် ထောက်၍ စစ်ဆေးခြင်း ဖြစ်ပါသည်။
MRI (သံလိုက်စက်ကွင်းနှင့် ပုံဖော်၍ ရောဂါရှာဖွေခြင်း)
သံလိုက်စက်ကွင်းနှင့် လေလှိုင်းများကို အသုံးပြု၍ ခန္ဓာကိုယ်အတွင်းမှ အစိတ်အပိုင်းများကို ပုံဖော်ခြင်းဖြစ်ပါသည်။ (သံလိုက်ဓာတ်မှန်ဟုလဲခေါ်ဆိုသုံးနှုန်းကြပါသည်။)
PET Scan
ခန္ဓာကိုယ်ကို အန္တရာယ်မပေးနိုင်သော ရေဒီယိုသတ္တိကြွ ပစ္စည်းပုံဖော်ဆေးများထိုး၍ ရောဂါရှာ ဖွေခြင်း ဖြစ်ပါသည်။ CT နှင့် MRI တို့ထက် အဆ့်မြင့်ပြီး တိကျသော နည်းပညာတစ်ခုဖြစ်ပါသည်။
Neurosurgery Transcranial Doppler
ဦးနှောက်တွင်းသွေးကြောစီးဆင်းမှုကို ဦးရေပြားမှ Ultrasound နည်းပညာဖြင့် ထောက်၍ စစ် ဆေးခြင်းဖြစ်ပါသည်။
B.A.E.R (အသံလှိုင်းများပေး၍ ဦးနှောက်၏ တုံ့ပြန်ပုံကို လေ့လာခြင်း)
အကြေားအာရုံနှင့် ပတ်သက်၍ ဖြစ်ပေါ်လာသော ဦးနှောက်အတွင်းရှိ တုံ့ပြန်မှုနှင့် အချက်ပြ စနစ်ကိုလေ့လာခြင်းဖြစ်ပါသည်။ နားလေးခြင်း၊ နားမကြာခြင်း၊ အကြားအာရုံချိုတဲ့ခြင်းတို့ အတွက် အထူး အထောက်အကူပြုပါသည်။

ရရှိနိုင်သောဝန်ဆောင်မှုများ
  • ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါအမျိုးမျိုး ဖြစ်သော နာကျင်ခြင်း၊ထုံကျင်ခြင်း၊ လှုပ်ရှားမှု ပုံမှန် မဟုတ်ခြင်း၊ မှတ်ဥာဏ် လျော့ခြင်း၊ သတိလစ်ခြင်း၊ အစရှိသော ရောဂါများကို စစ်ဆေးကု မှုပေးခြင်း
  • ဦးနှောက်နှင့် အာရုံကြော စနစ်ကို ပြန်လည်ပျိုးထောင်ပေးခြင်း
  • လေဖြတ်၊လေဖျန်းသော လူနာများအတွက် အထူးကုသပေးခြင်း
  • ခေါင်းကိုက်ခြင်း အမျိုးမျိုး နှင့် မျက်နှာပိုင်းနာကျင်ကိုက်ခဲခြင်းကို ကုသပေးခြင်း
  • မူးမော်ခြင်း၊ သတိလစ်ခြင်း အတွက် ကုသမှုများ
  • ပါကင်ဆွန်( Parkinson's) ရောဂါကဲ့သို့ ရောဂါများအတွက် လှုပ်ရှားမှု ပုံမမှန်ခြင်းများကို စစ် ဆေးပေးခြင်း
  • ၀က်ရူးပြန်အတက် ရောဂါများကို ကုသပေးခြင်း
  • ရုတ်တရက် နာကျင်ကိုက်ခဲခြင်းနှင့် နာတာရှည်နာကျင်ခြင်း များအတွက် စစ်ဆေးကုသပေး ခြင်း

Web
Analytics