ကင်ဆာရောဂါဆိုင်ရာ

ကင်ဆာရောဂါသည် ကမ္ဘာတွင် နာတာရှည် နာမကျန်းနှုန်း အမြင့်မားဆုံးသော ရောဂါတစ်ခုဖြစ်ပြီး ဒုတိယသေနှုန်း အများဆုံးရောဂါအဖြစ် တည်ရှိလျက်ရှိပါသည်။ ကင်ဆာဆိုသည်မှာ ဆဲလ်များ လွဲမှားစွာ ပွားများဖြစ်မှ အခြေခံဖြစ်ပွားသောရောဂါဖြစ်ပြီး အခြားခန္ဓာကိုယ် အစိတ်အပိုင်းများသို့လည်း လွယ်ကူစွာ ပျံ့နှံနိုင်စွမ်းရှိပါသည်။ ကင်ဆာသည် ခန္ဓာကိုယ်အစိတ်အပိုင်းတွင် ဖြစ်ပွားနိုင်ပြီး အမျိုးအစားခွဲများစွာရှိသောကြောင့် တိကျသော ကင်ဆာအမျိုးအစားကို လိုက်၍ တိကျသော ဆေးပညာများဖြင့် ကုသရန်လိုအပ်ပါသည်။
ကင်ဆာဖြစ်ပွားနှုန်း ၃၀ % မှ ၅၀ %သည် ကြိုတင်စစ်ဆေးခြင်းဖြင့် ကာကွယ်တားဆီးနိုင်ပါသည်။ ထိုကြောင့် စောလျင်စွာရောဂါကို ရှာဖွေသိရှိခြင်းသည် ကင်ဆာရောဂါ ပျံ့ ပွားမှုကို အလျင်မှီ ကုသပေးနိုင်ပြီး ကင်ဆာကို ပျောက်ကင်းစေနိုင်ပါသည်။ ထို့ကြောင့် အသက်အလိုက်သော်လည်းကောင်း၊ ကင်ဆာရောဂါပိုမိုဖြစ်ပွားနိုင်သော မိသားစုများသည်လည်းကောင်း ပုံမှန်ရောဂါ ရှာဖွေစစ်ဆေးခြင်းကို လုပ်ဆောင်ရန် အရေးကြီးပါသည်။
ဤကဲ့သို့ကင်ဆာရောဂါအမျိုးမျိုးခံစားနေရသော ဝေဒနာရှင်များအတွက် ခွဲစိတ်ကုသခြင်း၊ ဓါတ်ရောင်ခြည်ကင်ခြင်း၊ ဓာတ်တုဆေးဝါးများဖြင့်ကုသခြင်း အစရှိသော ကုသခြင်းများကို စည်းစနစ်ကျစွာ ကင်ဆာရောဂါအထူးကုဆရာဝန်ကြီးများ၊ ဓာတ်မှန်ဆရာဝန်ကြီးများ၊ ရူပဗေဒပညာရှင်များ ပူးပေါင်း၍ ကင်ဆာရောဂါကို ပြန်လည်တိုက်ခိုက်နိုင်ရန် ထိုင်းနိုင်ငံရှိထိုဆေးရုံးကြီးများတွင် တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါသည်။
ထို့အပြင် ကုသနေစဉ်အတွင်း လူနာတစ်ယောက်စီ၏ ရောဂါလက္ခဏာဆိုးကျိုးများနှင့် ဝေဒနာခံစားမှုများကို လျော့ချရန်အတွက် သက်သာစေသောနည်းလမ်းများကိုလည်း အလေးထားရှာ ဖွေဆောင်ရွက်ပေးနေလျက်ရှိပါသည်။
နောက်ဆုံးအနေနှင့်လူနာများပုံမှန်ဘ၀ကိုပြန်ရောက်ဖို့ရန်အတွက် စိတ်ဓာတ်ပြန်လည်ထူ ထောင်ပေးခြင်းနှင့် လိုအပ်သော အကူအညီများပေးခြင်းဖြင့် ကူညီစောင့်ရှောက်ပေးလျက်ရှိပါ သည်။
ထို့ကဲ့သို့ ထင်ရှားကျော်ကြားသော ကင်ဆာအထူးကုဆရာဝန်ကြီးများနှင့် အခြားသော အထူးကုဆရာဝန်များပူးပေါင်းစောင့်ရှောက်မှုကြောင့် ထိုဆေးရုံးကြီးများသည် နိုင်ငံအသီးသီးမှ လူနာများ၏ အားကိုးအလေးထားခြင်းကို ရရှိနေလျက်ရှိပါသည်။

ဆေးပညာဆိုင်ရာ ရောဂါရှာဖွေကုသခြင်း
  • X-ray ( ဓာတ်မှန်)
  • Mammography (ရင်သား ဓာတ်မှန်)
  • X-ray ( ဓာတ်မှန်)
  • Ultrasonography (တီဗီ ဓာတ်မှန်)
  • Computerized Tonographic Scan (CT-Scan) (ကွန်ပြူတာဓာတ်မှန်)
  • Magnetic Resonance Imaging (M R I) (သံလိုက်ဓာတ်မှန်)
  • Biopsy and analysis (အသားစယူစစ်ဆေးခြင်းနှင့်ဓာတ်ခွဲခန်းစစ်ဆေးခြင်း)
  • Chemotherapy (ဓာတုဆေးဝါးကုထုံး)
  • Operative treatment (ကင်ဆာခွဲစိတ်ကုသခြင်း)
  • Pain Management (နာကျင်မှုကုသပေးခြင်း)
  • Nutritional consultation (အာဟာရဆိုင်ရာဆွေးနွေးအကြံပေးခြင်း)
  • Palliative care (ကင်ဆာရောဂါ ဝေဒနာများ လျော့ချရန် စောင့်ရှောက်ခြင်း)
  • Emotional and spiritual support (စိတ်ခံစားမှုနှင့်စိတ်ပိုင်းဆိုင်ရာအထောက်အပံ့များ)
ရရှိနိုင်သော ဝန်ဆောင်မှုများ
  • ကင်ဆာစင်တာ
  • ကင်ဆာအထူးကု ပြင်ပလူနာဌာန
  • သားဖွားမီးယပ် ကင်ဆာအထူးကု
  • အရိုးအကြော ကင်ဆာအထူးကု
  • ဗိုင်းရပ်စ် ကင်ဆာအထူးကု
  • ကလေးသွေးနှင့် အခြားကင်ဆာအထူးကု
  • ပြင်ပလူနာနှင့် အတွင်းလူနာ ဆေးသွင်းခန်း
  • ရိုးတွင်းချဉ်ဆီ အစားထိုးခြင်း
  • အထူးကြပ်မတ် ကုသဆောင်
  • ကင်ဆာပြုစုရေးကလပ်
    Naruemit Club

Web
Analytics